အဆောက်အဦလေလံတင်ရာတွင် တင်ဒါအောင်မြင်မှုအပေါ် စာချုပ်ချုပ်ဆိုရာ၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် လို/မလို သိရှိလိုပါသည်။
Answer
အဆောက်အဦကို တရားရုံးမှလေလံတင်လျှင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား-၁ အမှတ်စဉ် (၁၈) အရ ပစ္စည်းရောင်းသက်သေခံလက်မှတ်ဖြစ်၍ ဝယ်သည့်ငွေကျပ် ၅ သိန်း ထက်မပိုလျှင် ထိုဝယ်ငွေပမာဏအပေါ် ၁ % နှင့် အခြားကိစ္စ တစ်ခုခုအတွက်ဖြစ်လျှင် ထိုဝယ်ငွေပမာဏနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၂ % ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ တရားရုံးမှလေလံတင်ခြင်းမဟုတ်ပါက ပစ္စည်းလွှဲစာချုပ် စဉ် ၂၃ အရ ၂ % နှင့် ပုဒ်မ ၃-က အရ အပိုတံဆိပ်ခေါင်းခွန် ၂ % စုစုပေါင်း ၄ % ကျသင့်ပါသည်။
Question
အဆောက်အဦလေလံတင်ရာတွင် တင်ဒါအောင်မြင်မှုအပေါ် စာချုပ်ချုပ်ဆိုရာ၌ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် လို/မလို သိရှိလိုပါသည်။
FAQ Category