အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး)
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ အကွက်အမှတ် (မ-၆)၊ ဦးပိုင်အမှတ် (၁၉+၂၀)၊ မြေဧရိယာ (၀.၆၁၄၈) ဧကပေါ်တွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) (၁၀၀ပေ×၁၀၀ပေ) အကျယ်အဝန်းရှိ RC (၅) ထပ်ရုံးသစ်ဆောက်လုပ်ခြင်းနှင့် 315 KVA Transformer တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား အောက်ပါအတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) | တင်ဒါပုံစံရောင်းချမည့်ရက် | - | ၂-၉-၂၀၂၀ (ဗုဒ္ဓဟူးနေ့) |
(ခ) | တင်ဒါပုံစံရောင်းချမည့်နေရာ | - |
မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ၆၅ လမ်း (၂၂× ၂၃)လမ်းကြား |
(ဂ) | တင်ဒါတင်သွင်းရမည့်နောက်ဆုံး ရက်/အချိန် | - |
၂-၁၀-၂၀၂၀ (သောကြာနေ့) ညနေ (၁၅:၃၀) နာရီ |
(ဃ) | တင်ဒါဖွင့်လှစ်မည့်နေရာ | - |
မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ၆၅ လမ်း (၂၂× ၂၃) လမ်းကြား |
၂။ အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်း ၀၂-၄၀၃၅၉၁၆ သို့ရုံးချိန်အတွင်း ဆက်သွယ်၍မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့် ရက်/အချိန် တို့ကို ထပ်မံ၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး
မန္တလေးမြို့