ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အခွန်အရပ်ရပ် ကောက်ခံရရှိမှုအခြေအနေ

နေပြည်တော် အောက်တိုဘာလ ၂၆

     ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၇၂၉၆.၆၉၇ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၁၀၁.၇၉% ကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၁၄၁၄.၉၅၃ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၉၄၄ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၅၈၈၀.၈၀၀ ဘီလီယံ ပါဝင်ပါသည်။

     ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၃၅၁၅.၈၆၂ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၂၂၀.၉၇၂ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၁၂၇၀.၉၇၃ ဘီလီယံ၊ ရတနာခွန် ကျပ် ၁၁.၇၅၇ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၁၁၆.၉၆၁ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၆၀.၁၇၂ ဘီလီယံ တို့ဖြစ်ပါသည်။