အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊နေပြည်တော်ရှိ စီမံရေးရာဌာနခွဲနှင့် ရန်ကုန်/မန္တလေးမြို့များရှိ အောင်ဘာလေသိန်းဆုဌာနခွဲများသို့ တံဆိပ်ခေါင်းများနှင့် ထီစာအုပ်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ (ဝါဇီ)မှ သယ်ယူရန် မော်တော်ယာဉ်များအား မြန်မာကျပ်ငွေဖြင့် ငှားရမ်းလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ | လျှောက်လွှာရောင်းချမည့်ရက် | - | ၅ - ၁၁ - ၂၀၂၀ မှ ၁၈- ၁၁ - ၂၀၂၀ ထိ (ရုံးချိန်အတွင်း) |
၃။ | လျှောက်လွှာရောင်းချမည့်နေရာ | - | ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော် (ဖုန်း - ၀၆၇၃ ၄၃၀၅၅၃ ဆက်သွယ်ဝယ်ယူရန်) |
- |
ဗဟိုတံဆိပ်ခေါင်းအရောင်းဌာနစိတ်၊အမှတ် (၃၃/၁၂)၊ ၃၆ လမ်း(မဟာဗန္ဓုလလမ်းနှင့်အနော်ရထာလမ်းကြား) ကျောက် တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ |
||
၄။ | တင်ဒါတင်သွင်းရမည့်ရက်/အချိန် | - | တင်ဒါဖွင့်ပွဲကျင်းပမည့် ၂၀-၁၁-၂၀၂၀ ရက်နေ့ ၁၃ : ၀၀ နာရီ အချိန်တွင် Online မှသာ တင်သွင်းရမည်။ |
၅။ | တင်ဒါတင်သွင်းရမည့်နေရာ | - | စီမံရေးရာဌာနခွဲ၊ပြည်တွင်းအခွန်များဦးစီးဌာန၊ရုံးအမှတ်(၄၆)၊ နေပြည်တော်။ ( ဖုန်း - ၀၉၄၅၇၄၄၄၇၀၃ သို့ ဆက်သွယ်၍ Online မှ ပေးပို့တင်သွင်းရန်ဖြစ်ပါသည်။ ) |
၆။ | တင်ဒါစိစစ်ရွေးချယ်မည့်ရက် | - | ၂၀- ၁၁- ၂၀၂၀ ( သောကြာနေ့) |
၇။ | တင်ဒါစိစစ်ရွေးချယ်မည့်အချိန် | - | ၁၃ : ၀၀ နာရီ |
၈။ | တင်ဒါစိစစ်ရွေးချယ်မည့်နေရာ | - | ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်။ |
၉။ | တင်ဒါစိစစ်မည့်ပုံစံ | - | တင်ဒါဖွင့်ပွဲအား Online စနစ်ဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ် ပါသဖြင့် Zoom Meeting Link ပေးပို့နိုင်ရန် ဆက်သွယ်ရ မည့် Email လိပ်စာအား ၁၈-၁၁-၂၀၂၀ ရက်နေ့ နောက်ဆုံး ထား၍ ဖုန်း- ၀၉၄၅၇၄၄၄၇၀၃ ၊ ၀၆၇၃- ၄၃၀၅၅၃ သို့ ဆက် သွယ်ပေးပို့ရပါမည်။ |
၁၀။ အသေးစိတ်အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံရေးရာဌာနခွဲ (နေပြည်တော်)၊ ဖုန်း- ၀၆၇၃-၄၃၀၅၅၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မှတ်ချက် ။ တင်ဒါစိစစ်ရွေးချယ်မည့်နေ့ရက်အား အပြောင်းအလဲရှိပါက အချိန်မီအသိပေးအကြောင်းကြားသွားပါမည်။