ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ရုံးအကူ/စာပို့ (၁၀၀) နေရာအတွက် လျှောက်လွှာ ခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်၊ ၃/၂၀၂၁
၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်
(၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်)
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ရုံးအကူ/စာပို့ လစာနှုန်းကျပ် (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး(၁၀၀)နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်။
၂။ အဆိုပါရုံးအကူ/စာပို့ရာထူးနေရာများအား အောက်ပါဒေသအတွင်းရှိ ရုံး/ဌာနများတွင် ယှဉ်တွဲဖော်ပြပါ အရေအတွက်အတိုင်း ခန့်အပ် သွားပါမည် -
(က) | ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ရုံး/ဌာနခွဲများ | ၃၂ ဦး |
( ခ ) | မန္တလေးတိုင်းဒေသကြီးအတွင်းရှိရုံးများ | ၂၃ ဦး |
( ဂ ) | ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရုံးများ | ၄၅ ဦး |
စုစုပေါင်း | ၁၀၀ ဦး |
၃။ လျှောက်ထားသူသည်-
(က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ)(၃၀-၁၁-၂၀၂၁) ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၈)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ)တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
(ဃ)ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လျှောက်လွှာတင်သွင်းသည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မည်သည့်နေရာဒေသတွင်မဆို သွားရောက် တာဝန်ထမ်းဆောင်နိုင်ရမည်။
၄။ လျှောက်လွှာပုံစံကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website လိပ်စာဖြစ်သည့် www.ird.gov.mm တွင်ဖော်ပြထားမည်ဖြစ်ပြီး လျှောက်လွှာတွင် ဖော်ပြထားသောအချက်များကို ပြည့်စုံမှန်ကန်စွာရေးသွင်းရမည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) ရက်သတ္တပတ်(၂)ပတ်အတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓါတ်ပုံ(၂)ပုံ
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
(ဂ) အလုပ်သမားမှတ်ပုံတင်မိတ္တူ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း
(စ) ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ(မူရင်း)
(ဆ) ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မူရင်း)
၆။ လျှောက်လွှာကို အောက်ဖော်ပြပါရုံးများအနက် မိမိတာ၀န်ထမ်းဆောင်လိုသော ရုံးတစ်ရုံးတည်းသို့သာ (၃၀-၁၁-၂၀၂၁)ရက်နေ့ နောက်ဆုံး ထားပေးပို့ လျှောက်ထားရမည်-
(က) ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံး၊ အမှတ်(ပခ-၂၇)၊ ညောင်ပင်ကြီးစုကွက်သစ်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။
(ခ) မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ၆၅လမ်း(၂၂x၂၃)လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
(ဂ) ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ အမှတ်(၁၆၃/၁၆၇)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
၇။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော၊ သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီသည့် လျှောက်လွှာများကို လက်ခံမည် မဟုတ်ပါ။
၈။ ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်အား မြန်မာ့အလင်း၊ ကြေးမုံသတင်းစာနှင့် မြဝတီသတင်းစာများတွင် ထပ်မံကြော်ငြာမည်ဖြစ်သည်။ ရေးဖြေစာမေးပွဲတွင် အထွေထွေဗဟုသုတဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအား နေပြည်တော်၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
၉။ ရွေးချယ်ခန့်အပ်ခြင်းခံရသူများသည် မိမိလျှောက်ထားသည့် ဒေသအတွင်းရှိ ဌာနခွဲ/ရုံးများတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်းနှင့် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ် (၅) သိန်းတိတိ ပေးလျော်ရမည်ဖြစ်သော်လည်း ပြည်တွင်း အခွန်များဦးစီးဌာနနှင့် အခြားဌာနများမှ ခေါ်ယူသော ရာထူးဝင်ပေါက်နေရာများသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိမည်ဖြစ်ပြီး ရွေးချယ်ခြင်းခံရပါက ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခွင့်ရှိပါသည်။
၁၀။ အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၃၀၀၂၁၊ မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး၊ တယ်လီဖုန်းအမှတ်၊ ၀၂-၄၀၃၅၉၁၆ နှင့် ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ တယ်လီဖုန်းအမှတ်၊ ၀၁-၈၂၅၂၅၄၃သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန
PDF Upload
Attachment | Size |
---|---|
ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ရုံးအကူ/စာပို့ (၁၀၀) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း | 136.34 KB |
ရုံးအကူ/စာပို့လျှောက်လွှာပုံစံ | 295.38 KB |