အထူးကုန်စည်ခွန်ကို မည်ကဲ့သို့သောဆောင်ရွက်မှု ပြုလုပ်သူများမှ ပေးဆောင်ရမည်နည်း။ မည်သည့်အချိန်တွင်ပေးဆောင်ရမည်နည်း။

Answer

  • အထူးကုန်စည်များကိုပြည်တွင်းသို့ တင်သွင်းခြင်းပြုလုပ်လျှင် တင်သွင်းသူက ကုန်စည်ကို ရွေးယူခြင်းမပြုမီ ပေးဆောင်ရပါမည်။
  • အထူးကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ခြင်းပြုလုပ်လျှင် ထုတ်လုပ်သူက ကုန်စည်ထုတ်လုပ်ရောင်းချသည့်လ၏ လကုန်ဆုံးပြီး (၁၀) ရက်အတွင်း ကျသင့်အထူးကုန်စည်ခွန်ကို ပေးဆောင်ရပါမည်။
  • အထူးကုန်စည်ခွန်ကျသင့်မည့် ကုန်စည်များအနက် ကုန်စည်(၄) မျိုးဖြစ်သော (၁) သဘာဝဓါတ်ငွေ့၊ (၂) ကျွန်းနှင့် သစ်မာသစ်လုံးများ၊ တစ်ဆယ်လက်မပတ်လည်နှင့်အထက်ကျွန်းနှင့် သစ်မာသစ်ခွဲ အရိုင်းထည်များ၊ (၄) အချောထည်များနှင့် လက်ဝတ်ရတနာများအား ပြည်ပသို့ တင်ပို့ခြင်းပြုလုပ်လျှင် တင်ပို့သူကပေးဆောင်ရပါမည်။
  • အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကိုတွေ့ရှိလျှင် ကုန်စည်ကို ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းမည်ဖြစ်ပြီး ကျသင့်သည့်ဒဏ်ငွေကို စစ်ဆေးတွေ့ရှိသည့်နေ့မှ (၇) ရက် အတွင်း လက်ဝယ်ထားရှိသူ (သို့) ပိုင်ဆိုင်သူက ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

အထူးကုန်စည်ခွန်ကို မည်ကဲ့သို့သောဆောင်ရွက်မှု ပြုလုပ်သူများမှ ပေးဆောင်ရမည်နည်း။ မည်သည့်အချိန်တွင်ပေးဆောင်ရမည်နည်း။