ပြည်တွင်းရှိ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်မှုလုပ်ကိုင်သည့် လုပ်ငန်းအပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းအား မည်သို့သတ်မှတ်ကောက်ခံပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။
Answer
ပြည်တွင်းထုတ်လုပ်ရောင်းချသော အရက်၊ ဘီယာ၊ ဝိုင်များကဲ့သို့သော အထူးကုန်စည်များ ဖြစ်လျှင် မိမိပိုင်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွင်ဖြစ်စေ၊ အခြားသူအားအပ်နှံ၍ဖြစ်စေ ထုတ်လုပ်ခြင်းတို့ကိုဆိုလိုပါသည်။ ၎င်းအပြင် သဘာဝနည်းဖြင့်ဖြစ်စေ၊ ဖန်တီးပြုပြင်သည့် နည်းဖြင့်ဖြစ်စေ ဝယ်ယူသူ၏တောင်းဆိုချက်အရ ရောစပ်ပြုပြင်ခြင်းမှတစ်ပါး ပေါင်းခံခြင်း၊ သန့်စင်ရန်နှင့် အနံ့အရသာဖြည့်စွက်ရန် ထပ်မံပေါင်းခံခြင်း၊ အချဉ်ဖောက်ခြင်း၊ ပုလင်းသွတ် ခြင်း၊ သောက်သုံးရန် ယမကာအဆင့်အတွက် လိုအပ်သည့်ပစ္စည်းများ ဖြည့်စွက်ခြင်းနှင့် အခြားနည်း ပြုပြင်ခြင်းတို့လည်းပါဝင်ပါသည်။ အထူးကုန်စည်များအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသောရောင်းဈေးတန်ဖိုး သို့မဟုတ် ဈေးကွက်ပေါက်ဈေးအပေါ် အခြေပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှု ကော်မတီက ခန့်မှန်းသတ်မှတ်မည့် ရောင်းဈေးတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁(က)ပါ အခွန်နှုန်း ထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ယင်းအထူးကုန်စည်ခွန်အပါအဝင် ရောင်းဈေး အပေါ်၌ ကုန်သွယ်လုပ်ငန်းခွန် ၅% ကိုလည်းတွက်ချက် ပေးဆောင်ရမည်ဖြစ်ပါသည်။
Question
ပြည်တွင်းရှိ အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်မှုလုပ်ကိုင်သည့် လုပ်ငန်းအပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းအား မည်သို့သတ်မှတ်ကောက်ခံပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။