အထူးကုန်စည်ဖြစ်သည့် ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ ပြည်ပမှတင်သွင်းရာတွင် ပေးဆောင်ရမည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်မည်မျှကျသင့်ပါသနည်း။

Answer

ပြည်ပမှတင်သွင်းသည့် ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများသည် ၂၀၁၆ ခုနှစ်  ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပုဒ်မ ၁၁(က) အမှတ်စဉ် ၁၅ ရှိ အထူးကုန်စည်ဖြစ်သဖြင့် ပြည်ပမှတင်သွင်းခြင်းအတွက် တင်သွင်းစဉ်ကုန်းပေါ်ရောက်တန်ဖိုးပေါ်တွင် အထူးကုန်စည်ခွန် ၅% ပေးဆောင်ရမည်ဖြစ်ပါသည်။ ၎င်းအပြင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄(ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ ၎င်း ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများကို ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအတွက် ၂၀၁၆ ခုနှစ်  ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပုဒ်မ ၁၄(ဂ) အရ  ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ သို့ရာတွင် ပြည်ပသို့ပျံသန်းသည့် ခရီးစဉ်တွင် အသုံးပြုရန် ရောင်းချသည့် ဂျက်လေယာဉ်ဆီကို ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(က) အမှတ်စဉ် ၈၄ အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။

Question

အထူးကုန်စည်ဖြစ်သည့် ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ ပြည်ပမှတင်သွင်းရာတွင် ပေးဆောင်ရမည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်မည်မျှကျသင့်ပါသနည်း။