ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို ပြည်တွင်း၌ပြန်လည်ရောင်းချခြင်းအပေါ် မည်သည့်အချိန်တွင်မှတ်ပုံတင်ရမည်နည်း။ အခွန်ခုနှိမ်ခွင့် ရှိပါသလား။

Answer

ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို ပြည်ပမှတင်သွင်း၍ ပြည်တွင်း၌ပြန်လည်ရောင်းချခြင်းသည် အထူးကုန်စည်ကိုတင်သွင်းခြင်းဖြစ်သဖြင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ(၁၅) အရ မှတ်ပုံတင်ရာတွင် ဘဏ္ဍာနှစ် အတွင်းအစောဆုံးတင်သွင်းသည့် အထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာရှင်းလင်းထုတ်ယူခြင်းမပြုမီ အချိန်တွင်လည်းကောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး နောက်ဘဏ္ဍာနှစ်တွင် အထူးကုန်စည်ခွန်တင်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်ပါက ထပ်မံ၍လည်းကောင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အထူးကုန်စည်ခွန် မှတ်ပုံတင်ရမည်ဖြစ်သည့်အပြင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁(က)အရ ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရမည်ဖြစ်သည်။ အထူးကုန်စည်ကိုပြည်ပမှတင်သွင်း၍ ပြန်လည်ရောင်းချခြင်း အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁(က)အရ ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ယှဉ်တွဲဖော်ပြပါနှုန်းများအတိုင်း အထူးကုန်စည်ခွန်ကျသင့်စေမည့်အပြင် ပုဒ်မ ၁၄(ခ) အရ အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ၅ % ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို ပြည်တွင်း၌ ပြန်လည်ရောင်းချရာတွင် အထူးကုန်စည်ခွန်ကျသင့်ခြင်းမရှိပါ။ သို့ရာတွင် ထိုကဲ့သို့ ပြန်လည်ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်သည်။ အဆိုပါ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ပြည်ပမှတင်သွင်းစဉ်က ပေး ဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ၅% ကို ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄၂ အရ ပတခ(ကသခ)-၃၂၊ ပတခ(ကသခ)- ၃၃ တို့ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်ရရှိနိုင်ပါ မည်။

Question

ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီကို ပြည်တွင်း၌ပြန်လည်ရောင်းချခြင်းအပေါ် မည်သည့်အချိန်တွင်မှတ်ပုံတင်ရမည်နည်း။ အခွန်ခုနှိမ်ခွင့် ရှိပါသလား။