ပြည်တွင်း၌ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ပြီးပြည်ပသို့တင်ပို့ခြင်းအပေါ် မှတ်ပုံတင်ရန်လိုအပ် ပါသလား၊ အခွန်ခုနှိမ်ခွင့် ရှိပါသလား။
Answer
အထူးကုန်စည်ကို ပြည်ပသို့တင်ပို့သူသည် ဘဏ္ဍာရေးနှစ်အတွင်း အစောဆုံးတင်ပို့သည့် အထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာရှင်းလင်းတင်ပို့ခြင်း မပြုမီ ဝင်ငွေခွန်စည်းကြပ်ခံယူ မည့် အခွန်ရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ရောင်းချမှုအပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်မှ ယင်းအထူးကုန်စည်ကိုပြည်ပသို့ တင်ပို့ရောင်းချမှုလုပ်ငန်းအလို့ငှာ ပြည်တွင်းသို့ကိုယ်တိုင်ဝယ်ယူတင်သွင်းသောအထူးကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ်ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊ ပြည်တွင်း၌ အထူးကုန်စည် ထုတ်လုပ်သူထံမှ ဝယ်ယူသောအထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသောအထူးကုန်စည် ခွန်တို့ကို ခုနှိမ်ခွင့်ရရှိမည်ဖြစ်ပါသည်။
Question
ပြည်တွင်း၌ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ပြီးပြည်ပသို့တင်ပို့ခြင်းအပေါ် မှတ်ပုံတင်ရန်လိုအပ် ပါသလား၊ အခွန်ခုနှိမ်ခွင့် ရှိပါသလား။