နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

 

                       ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC ) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၄-၇-၂၀၁၈ ရက်နေ့ နေ့လည် ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အစည်းအဝေးသို့ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ IMF  Resident Revenue Advisor ၊ IMF Legal and Policy Advisor ၊ LTO Audit Expert တို့ အပါအဝင် အဖွဲ့ဝင်(၁၀)ဦး တက်ရောက်ခဲ့ကြပြီး အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်(၆)ခုကို   ဆွေးနွေး ခဲ့ကြပါသည်။