၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ရှင်းလင်းဆွေးနွေးခြင်း (ရန်ကုန်မြို့၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းခန်းမ)

ရန်ကုန်မြို့၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းခန်းမတွင် ၂၀၁၈ ခုနှစ်၊ မေလ ၆ ရက် နေ့၌ မြန်မာနိုင်ငံစာရင်းကိုင်အသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်းတို့က ကြီးမှူးကျင်းပသည့် စာရင်း ကိုင်ဆွေးနွေးပွဲ (MICPA Seminar)သို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမင်းလွင်ဦး တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးဝင်းသင် (Win Thin and Associates) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာရင်းကိုင်အသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်းတို့၏ အသင်းဝင်များ ကုမ္ပဏီစာရင်းကိုင်/စာရင်းစစ်များနှင့်ကုမ္ပဏီလုပ်ငန်းရှင်များ အပါအဝင် အင်အား  ၇၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။