၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့် အထူးကုန်စည်ခွန် ဥပဒေတို့အရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရေး အခွန်ပညာပေး တွေ့ဆုံ ရှင်းလင်းပွဲ အခမ်းအနား

မန္တလေးမြို့  နိုဝင်ဘာ ၁၄

   ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့် အထူးကုန်စည်ခွန် ဥပဒေတို့အရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရေး အခွန်ပညာပေးတွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို  မန္တလေးမြို့၊  မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀:၀၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးအောင်စိုးနိုင်မှ အခွန်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆေးပေါ့လိပ်လုပ်ငန်းရှင် (၅၂) ဦး တက်ရောက်ခဲ့ကြပြီး ၄င်းတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။