IMF မှ Advisor Mr. Gary Andrews နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခြင်း

နေပြည်တော် မတ် ၁၉

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၉-၃-၂၀၁၉ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ ဆုံးရှုံးနိုင်ခြေဆိုင်ရာစီမံခန့်ခွဲမှုနှင့်လေ့လာဆန်းစစ်ရေး အဖွဲ့(Risk Management and Intelligence Unit) ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ဆောင်မည့်အခြေအနေများကို IMF မှ Advisor Mr. Gary Andrews နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးကျော်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်မူဝါဒ) ဦးဇေယျကြည်ညွန့်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။