ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက ရတနာတူးဖော်ရာတွင် အသုံး ပြုသည့် မြေတူးစက်အစီး(၂၀)မှာ ပုံသေပိုင်ပစ္စည်းစာရင်း၌ပါဝင်ပြီး ယခုအခါ အသုံးပြု၍ မရတော့ပါကြောင်း စက်ယန္တရားအသစ်များအား ဝယ်ယူထည့်သွင်း အသုံးပြုနေပါကြောင်း၊ အသုံးပြု၍မရတော့သော စက်ယန္
Answer
အသုံးပြု၍ရသောအပိုင်းကို ဖြုတ်ယူရောင်းချထားပြီး အသုံးပြု၍မရသောအပိုင်းမှာ ကျန်ရှိ နေသော စက်ယန္တရားများအတွက် ရောင်းချစဉ်၌ ယင်းစက်ယန္တရားများအား ရောင်းချထား ကြောင်းကို ဝင်ငွေခွန်နည်းဥပဒေ ၅(က) အရ ရောင်းချသည့်နေ့မှ ရက်ပေါင်း(၃၀) အတွင်း သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးသို့ ဝင်ငွေကြေငြာလွှာ ပေးပို့တင်ပြရမည်ဖြစ်ပါသည်။ စက်ယန္တရားများ၏ ရောင်းချတန်ဖိုးကို မော်တော်ယာဉ်တန်ဖိုးဖြတ်အဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး ယင်းအဖွဲ့၏ သတ်မှတ်တန်ဖိုးမှ အခြေပစ္စည်းအတွက် အမှန်ကုန်ကျခဲ့သည့်မူလတန်ဖိုးနှင့် ယင်းပစ္စည်းအား ဖြည့်စွက်ခြင်းအတွက် ကုန်ကျသည့် မတည်စရိတ်များကိုပေါင်းပြီး ထိုတန်ဖိုး စုစုပေါင်းမှ ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအခွန်ထမ်းအား ဥပဒေအရ ခွင့်ပြုထားပြီး ဖြစ်သော စုစုပေါင်း တန်ဖိုးလျော့ငွေကိုနုတ်ပယ်၍ ကျန်ရှိသော အသားတင်တန်ဖိုးအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၇(ခ) အရ ဝင်ငွေခွန်တစ်ဆယ် ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပါသည်။ နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းရောင်းချတန်ဖိုး စုစုပေါင်း သည် ကျပ်သိန်း ၁၀၀ ထက် မပိုပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၈ အရ ဝင်ငွေခွန် ကျသင့်ခြင်းမရှိပါ။
Question
ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုက ရတနာတူးဖော်ရာတွင် အသုံး ပြုသည့် မြေတူးစက်အစီး(၂၀)မှာ ပုံသေပိုင်ပစ္စည်းစာရင်း၌ပါဝင်ပြီး ယခုအခါ အသုံးပြု၍ မရတော့ပါကြောင်း စက်ယန္တရားအသစ်များအား ဝယ်ယူထည့်သွင်း အသုံးပြုနေပါကြောင်း၊ အသုံးပြု၍မရတော့သော စက်ယန္တရားများအား စာရင်းမှပယ်ဖျက်ချင်ပါကြောင်း မည်သို့ ဆောင်ရွက်ရပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။