ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ဖတ်စာအုပ်များတင်ဒါခေါ်၍ လုပ်ငန်းအပ်နှံရာတွင် ဇူလိုင်လ ဆန်းတွင် စာချုပ်ချုပ်ဆိုသည့်အပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပြီး တစ်လခွဲခန့်ကြာမှ စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်သည့်အခါ ဒဏ်ကြေး ပေးဆောင်ရခြ

Answer

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ဖတ်စာအုပ်များတင်ဒါခေါ်၍ လုပ်ငန်းအပ်နှံရာတွင် ဇူလိုင်လ ဆန်းတွင် စာချုပ်ချုပ်ဆိုသည့်အပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပြီး တစ်လခွဲခန့်ကြာမှ စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၃၃ အရသိမ်းချုပ်ရ မည်ဖြစ်ပြီး ပုဒ်မ  ၃၅ အရ  ကျသင့်တံဆိပ်ခေါင်းခွန်နှင့် ကျသင့်တံဆိပ်ခေါင်းခွန်၏ ၁၀ ဆ နှင့် ညီမျှသော တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ရမည်ဖြစ်ပါသည်။ တံဆိပ်ခေါင်းအက်ဥပဒေအရ  စာချုပ်မချုပ်ဆိုမီနှင့် စာချုပ်ချုပ်ဆိုစဉ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ဖတ်စာအုပ်များတင်ဒါခေါ်၍ လုပ်ငန်းအပ်နှံရာတွင် ဇူလိုင်လ ဆန်းတွင် စာချုပ်ချုပ်ဆိုသည့်အပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပြီး တစ်လခွဲခန့်ကြာမှ စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန်ထမ်းဆောင်သည့်အခါ ဒဏ်ကြေး ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။