ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်း၊ စာရင်းရေးဆွဲပေးခြင်း၊ ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းနှင့်ပတ်သက်သော ကိစ္စရပ်များ လိုက်လံဆောင်ရွက်ပေးခြင်း စသည့်ဝန်ဆောင်မှုကိုလုပ်ကိုင်ပါကြောင်း၊ ယင်းဝန်ဆောင်မှု ရငွေအား နိုင်ငံခြ

Answer

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်း၊ စာရင်းရေးဆွဲပေးခြင်း၊ ဌာနဆိုင်ရာ များ၏ ရုံးလုပ်ငန်းနှင့်ပတ်သက်သောကိစ္စရပ်များ လိုက်လံဆောင်ရွက်ပေးခြင်းစသည့် ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့်ဝန်ဆောင်မှု (၃၀) မျိုးတွင်မပါဝင်  ပါသဖြင့်ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ နိုင်ငံခြားငွေ ဖြင့် ဝန်ဆောင်မှုရငွေအပေါ် အခွန်ပေးသွင်းရန်မှာ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၂(က) အရ ရောင်းရငွေရရှိသည့် လကုန်ဆုံးပြီး တစ်ဆယ်ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၆ နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၈-က (က) တို့အရ နိုင်ငံခြားငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်သော နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် နိုင်ငံခြားငွေမှ ကျပ်ငွေသို့ဖလှယ်တန်ဖိုး သင့်တွက်ချက်၍ သက်ဆိုင်ရာ ကုမ္ပဏီအခွန်ဦးစီးဌာနမှူးရုံးသို့ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝန်ဆောင်မှု ကိစ္စရပ်များဆောင်ရွက်ရန် လုပ်ငန်းအပ်နှံချုပ်ဆိုသည့် သဘောတူစာချုပ်အပေါ် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ်( ၅) (ဂ) အရ ပေးငွေပမာဏ တန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ၁ % ထမ်းဆောင်ရမည်ဖြစ်ပြီး အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀,၀၀၀ ဖြစ်ပါသည်။ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ပုဒ်မ ၂၀ အရ နိုင်ငံခြားငွေဖြင့်ချုပ်ဆိုသည့် ငွေပမာဏတန်ဖိုးအပေါ် စာချုပ်ချုပ်ဆိုသည့် နေ့ရှိ ပေါ်ပေါက်ရာငွေလဲလှယ်နှုန်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန် သည့်နေ့ရှိ ငွေလှဲလှယ်နှုန်းဖြင့် ကျပ်ငွေသင့်၍ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်း၊ စာရင်းရေးဆွဲပေးခြင်း၊ ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းနှင့်ပတ်သက်သော ကိစ္စရပ်များ လိုက်လံဆောင်ရွက်ပေးခြင်း စသည့်ဝန်ဆောင်မှုကိုလုပ်ကိုင်ပါကြောင်း၊ ယင်းဝန်ဆောင်မှု ရငွေအား နိုင်ငံခြားငွေဖြင့်ရရှိသဖြင့် မည်သို့အခွန်ပေးဆောင်ရပါကြောင်းနှင့် ယင်းဝန်ဆောင်မှု များဆောင်ရွက်ရန် လုပ်ငန်းအပ်နှံသည့် စာချုပ်ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှ ထမ်းဆောင်ရပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်းဖြစ်ပါသည်။