အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

ကုမ္ပဏီအနေဖြင့် လိုက်နာကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၀ ၏ နိုင်ငံတကာ စာရင်းကိုင်စံ ၂၁ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံ ၂၁ တို့အရ လုပ်ငန်းဆောင်ရွက်ခြင်းမှ ရရှိသည့် နိုင်ငံခြားငွေကြေးကို လုပ်ဆောင်ချက်ပေါ်ပေါက်သည့်နေ့ရှိ ငွေလဲလှယ် နှုန်းဖြင့် တန်ဖိုးသင့်၍ လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (Functional Currency) အဖြစ်ဦးစွာ စာရင်းရေးသွင်းရမည်ဖြစ်သည်။ ဝင်ငွေရရှိသည့်နေ့ရှိ ငွေလဲလှယ်နှုန်းနှင့် လုပ်ဆောင်ချက် ပေါ်ပေါက်သည့်နေ့ရှိ‌ ငွေလဲလှယ်နှုန်းအကြား ကွာခြားသည့် ပမာဏကို အမြတ် သို့မဟုတ် အရှုံးအဖြစ်စာရင်းရေးသွင်းရမည်ဖြစ်သည်။ စာရင်း ပိတ်သည့်နေ့ (Balance Date) အထိ ပေးချေခြင်း မရှိသေးသောကျန်ရှိသည့် ငွေကြေး ပမာဏကို အဆိုပါ စာရင်းပိတ်သည့်နေ့ (Balance Date) ရှိငွေလဲလှယ်နှုန်းဖြင့် ပြန်လည်တန်ဖိုးသင့်ရမည် ဖြစ်သည်။ စာရင်းကိုင်စံများအရ အရှုံး/အမြတ်စာရင်းတွင် ငွေလဲလှယ်နှုန်းကြောင့် ပေါ်ပေါက်သည့်အမြတ် သို့မဟုတ် အရှုံးတို့ကို မည်သို့ပင် စာရင်းရေးသွင်းစေကာမူ မြန်မာနိုင်ငံအခွန်ဥပဒေများအရ အမှန်တကယ်ပေါ်ပေါက် ခြင်းမရှိသည့် အမြတ်နှင့် အရှုံး တို့ကို စည်းကြပ်ခွင့်/ နုတ်ပယ်ခွင့်ရှိမည် မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက လိုက်နာ ကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၀ အား ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ် သော www.ird.gov.mm ၏ policy & law ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Question

ကုမ္ပဏီများမှလုပ်ငန်းဆောင်ရွက်သည့်ငွေကြေး (Functional Currency) အဖြစ် အသုံးပြုသည့် စီးပွားရေးအနေဖြင့် ငွေလဲလှယ်နှုန်းအရပေါ်ပေါက်သည့် အရှုံးနှင့် အမြတ်ကိစ္စ အားသိရှိလို၍မေးမြန်းခြင်း

FAQ Category