အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၉၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှုအသစ် (သို့မဟုတ်) ပြင်ဆင်စည်းကြပ်မှုအပါအဝင် စည်းကြပ်မှု တစ်ခုခုကို စည်းကြပ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပြီး ခြောက်နှစ်အတွင်း ဆောင်ရွက်ခွင့်ရှိသည်။ ပုဒ်မခွဲ (ခ) အရ အောက်ပါစည်းကြပ်မှုတစ်ရပ်ရပ်တွင် စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ အခွန်ကာလကုန်ဆုံးပြီး ၁၂ နှစ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုနိုင်သည်-
(၁) ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ဂ) အရ စည်းကြပ်မှု၊
(၂) မူလစည်းကြပ်မှုသည် အခွန်ထမ်း၏ လိမ်လည်လှည့်ဖြားမှုကြောင့် သို့မဟုတ် တမင်လျစ်လျူရှုမှုကြောင့်မမှန်မကန်သော သတင်းအချက်အလက်အပေါ် အခြေခံ၍ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါက ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု တို့ ဖြစ်ပါသည်။
Question
အခွန်စည်းကြပ်မှုအား သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပါက မည်သို့ဆောင်ရွက် ရမည်ကို သိရှိလို၍ မေးမြန်းခြင်း