အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
ကုမ္ပဏီ၏ လိုအပ်သည့်စာတမ်းအမှတ်အသားများ ထိန်းသိမ်းရန်ပျက်ကွက်ပါက ပျက်ကွက်မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၀၊ ပုဒ်မခွဲ (က) အရ ပျက်ကွက်မှုဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်ချင်းစီအတွက်ဖြစ်စေ၊ ရက်တစ်ရက် ၏ တစ်စိတ်တစ်ပိုင်းအတွက်ဖြစ်စေ ပုဒ်မခွဲ (ခ) ပါ ဒဏ်ကြေးငွေသည်-
(၁) ကျပ် ငါးသိန်း ထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက် တစ်ရက်စီ အတွက် တစ်ရက် လျှင် ကျပ်ငါးထောင်ဖြစ်သည်။
(၂) ကျပ် သိန်း၅၀ ထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှုဆက်လက်ဖြစ်ပွားနေသည့် ရက် တစ်ရက်စီ အတွက် တစ်ရက် လျှင် ကျပ် ငါးသောင်းဖြစ်သည်။
(၃) ကျပ် သိန်း ၅၀ ထက်ကျော်လွန်သည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါ က ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက် တစ်ရက်စီ အတွက် တစ်ရက်လျှင် ကျပ် တစ်သိန်း ဖြစ်ပါသည်။
Question
ကုမ္ပဏီ၏ စာရွက်စာတမ်းအထောက်အထားများကို ထိန်းသိမ်းရန်ပျက်ကွက်ပါက မည်သည့်ဒဏ်ကြေးငွေများပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း