အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)
Answer
ကုမ္ပဏီမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ပြည်ပနိုင်ငံသို့ အလုပ်သမားများပို့ဆောင်ခြင်းဝန်ဆောင်မှုအပေါ် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု အမျိုးအစား (၃၄) မျိုးတွင် မပါဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့် မည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅(ခ) အရ ဝန်ဆောင်မှု ဆောင်ရွက်သူသည် ဝန်ဆောင်မှုရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်ကို ဝန်ဆောင်မှု ရယူသူထံမှ တစ်ပါတည်းကောက်ခံ၍ ပေးသွင်းရမည်ဖြစ်ပါသည်။
Question
ကုမ္ပဏီမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ပြည်ပနိုင်ငံသို့ အလုပ်သမားများပို့ဆောင်ခြင်းဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်/ မကျသင့် သိရှိလို၍မေးမြန်းခြင်း
FAQ Category