အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
တင်ဒါအောင်မြင်သူများအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန်ကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ ဇယား (၁) အမှတ်စဉ် ၅ (ဂ) အရ တန်ဖိုး အပေါ် ၁% ပေးဆောင်ရပါမည်။ သို့ရာတွင် အများဆုံး ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀,၀၀၀ ဖြစ်ပါသည်။ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်အား တင်ဒါအောင်မြင်သူက ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန် နှင့်စပ်လျဉ်း၍ ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်ကိုလည်း ငွေပေးချေသည့်အချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် - ၄၇/၂၀၁၈ အရ အစိုးရဌာနအဖွဲ့အစည်းများသည် တင်ဒါစနစ်ဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ပေးချေငွေအပေါ် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားသို့ ပေးချေခြင်း ဖြစ်ပါက ၂% ဖြင့်လည်းကောင်း၊ ပြည်ပနေနိုင်ငံခြားသားသို့ ပေးချေခြင်းဖြစ်ပါက ၂.၅% ဖြင့် လည်းကောင်း နုတ်ယူ၍တင်ဒါအောင်မြင်သူအမည်ဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။ ၎င်းအပြင် ကုန်သွယ်လုပ်ငန်းခွန်နှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သူများအနေဖြင့် နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) ပါ ကုန်စည်များ၊ ပုဒ်မခွဲ (ဃ) ဝန်ဆောင်မှုများအတွက် တင်ဒါရရှိခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် မလိုအပ်သော်လည်း အဆိုပါ ကုန်စည်နှင့် ဝန်ဆောင်မှုများမှအပ ကျန်ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် တင်ဒါရရှိခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ကို တင်ဒါအောင်မြင်သူအမည်ဖြင့် သက်ဆိုင်ရာအခွန်စည်းကြပ်မှုခံယူသည့်ရုံးတွင် ပေးဆောင်ရမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
Question
ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်နှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သူများအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများနှင့် သဘောတူစာချုပ်ချုပ်ဆိုရာတွင် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း