အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၈-၆-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၄၇/၂၀၁၈ ပါ ဇယားအမှတ်စဉ် (ခ) အရ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေနှင့်စပ်လျဉ်း၍ ပြည်တွင်းနေ (နိုင်ငံသား/ နိုင်ငံခြားသား) အတွက် ပေးချေငွေ အပေါ်ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် ၁၀% ဖြတ်တောက်ပေးသွင်းရမည်ဖြစ်ပြီး ပြည်ပနေ (နိုင်ငံခြားသား) သို့ပေးချေ ပါက ပေးချေငွေအပေါ် ပင်ရင်းမှဖြတ်တောက်ပေးသွင်း သည့် အခွန် ၁၅% ဖြတ်တောက် ပေးသွင်းရမည်ဖြစ်ပါသည်။ ယင်းသို့ နုတ်ယူပေးသွင်း ရာတွင် နုတ်ယူပေးသွင်းသူ၏အမည် ဖြင့် ပေးသွင်းခြင်းမပြုဘဲ နုတ်ယူပေးသွင်းခြင်း ခံရသူ(ငွေလက်ခံရရှိသူ) ၏ အမည် သို့မဟုတ် လုပ်ငန်းအမည်ဖြင့် သက်ဆိုင်ရာ အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည် ဖြစ်ပါသည်။ သို့ရာတွင် ပြည်ပနေ နိုင်ငံခြားသားသို့ ပေးချေရမည်ဆိုပါက လိုက်နာ ကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၂ ကို (၉-၆-၂၀၂၂) ရက်စွဲဖြင့်ထုတ်ပြန်ထားပြီးဖြစ်၍ ထုတ်ပြန်ချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှလိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အ‌ရေးစသည်တို့ကို အသုံးချခွင့်ပြု သည့် အတွက် ပေးချေငွေများနှင့် ပတ်သက်၍ ပင်ရင်းမှ နုတ်ယူပေးသွင်းရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း