အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေး ADTA စာချုပ်ချုပ်ဆိုထားသည့်နိုင်ငံ၏ ကုမ္ပဏီအနေဖြင့် ADTA အကျိုးခံစားလိုပါက သက်ဆိုင်ရာအခွန်ရုံးသို့ အောက်ဖော်ပြပါ အချက်များဖြစ်သည့်-
(၁) ADTA အရ အကျိုးခံစားခွင့် လျှောက်ထားလိုသည့်ကုမ္ပဏီ၏အမည်၊
(၂) အမြဲတမ်းလိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်း website လိပ်စာနှင့် e-mail လိပ်စာ၊
(၃) မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်သည့်နေရာ/ ဒေသ/ လိပ်စာ၊
(၄) ကုမ္ပဏီမှတ်ပုံတင်အမှတ်နှင့် ဖွဲ့စည်းတည်ထောင်ရာနေရာ၊
(၅) ဒါရိုက်တာအဖွဲ့ဝင်များနှင့် အစုရှယ်ယာပိုင်ဆိုင်မှု၊
(၆) တွဲဖက်လုပ်ကိုင်သည့်ကုမ္ပဏီ (ဖြစ်ပါက) အုပ်စုအမည်၊
(၇) တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများ (Associates)၊
(၈) ADTA အရ အကျိုးခံစားခွင့် လျှောက်ထားရယူသူ၏ဌာနေပုဂ္ဂိုလ်ဖြစ်ရာနိုင်ငံ အမည်၊ ရည်ညွှန်းလိုသည့် ADTA ၏ အခန်း (Article) နှင့် အကြောင်းအရင်း၊
(၉) ဝင်ငွေခွန်ဥပဒေအရ အခွန်ကျသင့်မည့် ပေးချေငွေအမျိုးအစား၊ ကျသင့်မည့် အခွန်နှုန်းထားနှင့် အခွန်စုစုပေါင်း၊
(၁၀) ADTA အရတောင်းဆိုသည့် အခွန်နှုန်းထားနှင့်အခွန်စုစုပေါင်း
(၁၁) လုပ်ငန်းသဘောတူစာချုပ် (စာချုပ်အရဆောင်ရွက်ခြင်းဖြစ်ပါက)
(၁၂) လုပ်ငန်းစတင်သည့်ရက်စွဲ
(၁၃) လုပ်ငန်းပြီးဆုံးသည့်ရက်စွဲ
(၁၄) လျှောက်ထားလိုသည့်ကုမ္ပဏီ၏ ပင်မလုပ်ငန်း၊
(၁၅) မြန်မာနိုင်ငံအတွင်းဆောင်ရွက်သည့်ပင်မလုပ်ငန်း၊
(၁၆) မြန်မာနိုင်ငံပြင်ပ သို့မဟုတ် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ပေးသည့်လုပ်ငန်း နှင့်ပတ်သက်သည့် အသေးစိတ်ဖော်ပြချက်၊
(၁၇) မြန်မာနိုင်ငံအတွင်း သို့မဟုတ် မြန်မာနိုင်ငံပြင်ပမှ ရရှိသည့် ဝင်ငွေအမျိုးအစား ပမာဏ၊
(၁၈) ငွေပေးချေမှုပုံစံ၊
(၁၉) အကျိုးခံစားခွင့်လျှောက်ထားရယူသူ၏ သက်ဆိုင်ရာနိုင်ငံတွင် မည်သည့် ကာလအထိ အခွန်စာရင်း ရှင်းလင်းပြီးကြောင်း ဖော်ပြရန်၊
(၂၀) သက်ဆိုင်ရာနိုင်ငံ၏ အခွန်ထမ်းဖြစ်ကြောင်း (Certificate of Residence – COR) အတည်ပြုချက်အထောက်အထားတို့ဖြင့် ပူးတွဲတင်ပြလျှောက်ထားရမည် ဖြစ်ပါသည်။
Question
ကုမ္ပဏီမှ မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေး ADTA စာချုပ်ချုပ် ဆိုထားသည့် နိုင်ငံ၏ကုမ္ပဏီအနေဖြင့် ADTA အကျိုးခံစားခွင့်ရရန်မည်သို့ ဆောင်ရွက်ရမည်ကို သိရှိ လို၍မေးမြန်းခြင်း