အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ(Tax Reform Program Steering Committee)၏ (၅၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် အောက်တိုဘာလ ၂၇

          နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၇-၁၀-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီး ကော်မတီ (Tax Reform Program Steering Committee) ၏ (၅၄) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(စီမံရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဥပဒေနှင့်မူဝါဒရေးရာ)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံချက်ခေါင်းဆောင် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။