ဘဏ်လုပ်ငန်းများအနေဖြင့် ပြည်ပနေနိုင်ငံခြားသား ကုမ္ပဏီများထံ အတိုးပေးငွေ လွှဲပြောင်း ရာတွင် Withholding Tax ၁၅% နှုတ်ယူပေးသွင်းရန်လိုအပ်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။
Answer
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/ ၂၀၁၈ အရ မြန်မာ နိုင်ငံအတွင်း၌ ပြည်ပနေနိုင်ငံခြားသား၏ ရုံးခွဲအဖြစ်မှတ်ပုံတင်ဖွဲ့စည်းထားခြင်း၊ အဆိုပါ ရုံးခွဲမှ ပြည်တွင်းဝင်ငွေနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ စည်းကြပ်မှုခံယူနေခြင်းဟူသည့် အချက် (၂) ချက်နှင့်ညီညွတ်ပါက အတိုးပေးငွေအပေါ် Withholding Tax နှုတ်ယူပေးသွင်းခြင်း မပြုရသော်လည်း အဆိုပါအချက်များနှင့် မကိုက်ညီသည့် ပြည်ပနေနိုင်ငံခြားသားနှင့်ပတ် သက်၍ အတိုးပေးငွေအပေါ်တွင် ၁၅ % နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။
Question
ဘဏ်လုပ်ငန်းများအနေဖြင့် ပြည်ပနေနိုင်ငံခြားသား ကုမ္ပဏီများထံ အတိုးပေးငွေ လွှဲပြောင်း ရာတွင် Withholding Tax ၁၅% နှုတ်ယူပေးသွင်းရန်လိုအပ်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။
FAQ Category