စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သော နိုင်ငံသားတစ်ဦးမှ ပြည်ပတွင် မိမိရရှိသော လစာဝင်ငွေခွန်ဖြင့် ဝင်ငွေရလမ်းတင်ပြ၍ ရ/မရ သိရှိလိုခြင်း။
Answer
ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု ထားသောဝင်ငွေဖြစ်ပါသည်။ ထိုဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြလိုပါက အောက်ပါ အထောက်အထားများနှင့်အတူ တင်ပြရပါမည်-
(က) ဆိုင်ရာကုမ္ပဏီက တရားဝင်ထုတ်ပေးသည့် လစာထုတ်ပေးမှုမှတ်တမ်း၊ ငွေလွှဲပို့မှု မှတ်တမ်း၊
(ခ) ပြည်ပသို့ တရားဝင်ထွက်ခွာ၍ သွားရောက်ခြင်း၊ ပြန်လည်ဝင်ရောက်ခြင်းကို နိုင်ငံကူးလက်မှတ်ဖြင့်စိစစ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏လုပ်ငန်းမှ တရားဝင်လစာဝင်ငွေထုတ်ပေးခြင်းနှင့် လုပ်ငန်းသဘောတူစာချုပ်ဆိုင်ရာမှတ်တမ်းများ၊
Question
စင်္ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သော နိုင်ငံသားတစ်ဦးမှ ပြည်ပတွင် မိမိရရှိသော လစာဝင်ငွေခွန်ဖြင့် ဝင်ငွေရလမ်းတင်ပြ၍ ရ/မရ သိရှိလိုခြင်း။
FAQ Category