ဘဏ်ချေးငွေရယူ၍ အရစ်ကျငွေစနစ်ဖြင့် Car Showroom မှ ဝယ်ထားသည့်ကားအား အခွန်ဆောင်ရန်အတွက်မည်သည့်အထောက်အထားများ တင်ပြရန်လိုအပ်ပါသနည်း။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်အားဘဏ်မှသိမ်းယူထားပါသည်။ ကားတန်ဖိုးအပြေအကြေငွေပေးသွင်းပြီးမှမော်တော်ယာဉ်မှတ်ပုံတင်စာအုပ်
Answer
ဘဏ်ချေးငွေရယူ၍ အရစ်ကျငွေချေစနစ်ဖြင့် Car Showroom မှ ဝယ်ထားသည့် ကားအခွန်ပေးဆောင်ရန်အတွက် အောက်ပါအထောက်အထားများတင်ပြရပါမည်-
(က) တင်ပြလိုသော ဝင်ငွေရလမ်းအထောက်အထားမူရင်း
(ခ) ID Form (Import Declaration) မိတ္တူ
(ဂ) Sale Invoice
(ဃ) ဝယ်ယူခွင့်ပါမစ်
(င) အရောင်းအဝယ်စာချုပ်မိတ္တူ
(စ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
(ဆ) အိမ်ထောင်စုစာရင်းမိတ္တူ
(ဇ) ကိုယ်စားဆောင်ရွက်သူဖြစ်ပါက တံဆိပ်ခေါင်းခွန်အပြည့်အဝ ကပ်နှိပ်ထားသော ကိုယ်စားလှယ်လွှဲစာ။
Question
ဘဏ်ချေးငွေရယူ၍ အရစ်ကျငွေစနစ်ဖြင့် Car Showroom မှ ဝယ်ထားသည့်ကားအား အခွန်ဆောင်ရန်အတွက် မည်သည့်အထောက်အထားများ တင်ပြရန်လိုအပ်ပါသနည်း။ မော် တော်ယာဉ်မှတ်ပုံတင်စာအုပ်အား ဘဏ်မှသိမ်းယူထားပါသည်။ ကားတန်ဖိုးအပြေအကြေငွေပေးသွင်းပြီးမှ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်အား ဘဏ်မှပြန်ပေးပါမည်။