ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာထည့်ဝင်ထားသူတစ်ဦးမှာ မိမိထည့်ဝင်ထားသော အစုရှယ်ယာအတွက် ဝင်ငွေရလမ်းတင်ပြရာတွင် အိမ်ထောင်စုစာရင်း၌ အတူရှိသည့် အိမ်ထောင်ဖက်၏လစာဝင်ငွေခွန် ပေးဆောင်ပြီးသော ဝင်ငွေအားဝင်ငွေရလမ်းအဖြစ် တင်ပြ၍ ရ/မရ သိရှိလိုပါသည်။

Answer

ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာထည့်ဝင်ထားသူတစ်ဦးမှာ မိမိထည့်ဝင်ထားသော အစုရှယ်ယာအတွက် ဝင်ငွေရလမ်းတင်ပြရာတွင် အိမ်ထောင်စုစာရင်း၌ အတူရှိသည့် အိမ်ထောင်ဖက်၏ လစာဝင်ငွေခွန်ပေးဆောင်ပြီးသော ဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြ၍ရပါသည်။ ထိုသို့တင်ပြရာတွင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-

             (၁)       လစာဝင်ငွေခွန်ပေးဆောင်ထားသော အခွန်ပေးဆောင်မှုမှတ်တမ်းစာအုပ် မူရင်း/ မိတ္တူ

             (၂)        အိမ်ထောင်စုစာရင်း မူရင်း/ မိတ္တူ

             (၃)       အစုရှယ်ယာထည့်ဝင်ငွေနှင့်ပတ်သက်သည့် အထောက်အထားများ

Question

ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာထည့်ဝင်ထားသူတစ်ဦးမှာ မိမိထည့်ဝင်ထားသော အစုရှယ်ယာအတွက် ဝင်ငွေရလမ်းတင်ပြရာတွင် အိမ်ထောင်စုစာရင်း၌ အတူရှိသည့် အိမ်ထောင်ဖက်၏ လစာဝင်ငွေခွန် ပေးဆောင်ပြီးသော ဝင်ငွေအား ဝင်ငွေရလမ်းအဖြစ် တင်ပြ၍ ရ/မရ သိရှိ လိုပါသည်။