အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး)
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးတွင် ၁၁/၀.၄ KV၊ 160 KVA Transformer (၁) လုံးတပ်ဆင်ခြင်းနှင့် 11 KV လိုင်း (၁၂၀) ပေ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား အောက်ပါအတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) | တင်ဒါပုံစံရောင်းချမည့်ရက် | - | ၁၆-၁၁-၂၀၂၀ (တနင်္လာနေ့) |
(ခ) | တင်ဒါပုံစံရောင်းချမည့်နေရာ | - | မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ၆၅ လမ်း (၂၂× ၂၃) လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ |
(ဂ) | တင်ဒါပုံစံတင်သွင်းရမည့် နောက်ဆုံး ရက်/အချိန် | - |
၃၀-၁၁-၂၀၂၀ (တနင်္လာနေ့) မွန်းလွဲ (၁၄ : ၃၀ ) နာရီ |
(ဃ) | တင်ဒါဖွင့်လှစ်မည့်နေရာ | - | မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ၆၅ လမ်း (၂၂× ၂၃) လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ |
၂။ အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်း - ၀၂-၄၀၃၅၉၁၆ သို့ရုံးချိန်အတွင်း ဆက်သွယ်၍မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်တို့ကို ထပ်မံ၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး
မန္တလေးမြို့