အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ကုမ္ပဏီအနေဖြင့် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် အခွန်အား နုတ်ယူပေးသွင်းသည့် နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည်ဖြစ်ပြီး မိမိအမည်ဖြင့်ပေးသွင်းခြင်း မပြုဘဲနုတ်ယူခြင်းခံရသူ၏ အမည် သို့မဟုတ် လုပ်ငန်း အမည်ဖြင့် ပေးသွင်းရမည်။ ဤကဲ့သို့ နုတ်ယူခြင်းမရှိဘဲ ပေးသွင်းရန်ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ (၇၄) ပုဒ်မခွဲ (ဂ) အရ ပင်ရင်းမှနုတ်ယူ ပေးသွင်းရန် သတ်မှတ်ခံထားရသူတစ်ဦးဦးသည် လုံလောက်သောအကြောင်းမရှိဘဲ အခွန်ကို နုတ်ယူပေးသွင်းခြင်းမပြုလျှင် ပျက်ကွက်သူအဖြစ်မှတ်ယူခြင်းခံရမည် ဖြစ်ပြီး နုတ်ယူခြင်းမပြုသည့် အခွန်အားပေးဆောင်ရန် တာဝန်ရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် နုတ်ယူထားသော်လည်း သတ်မှတ်ထားသည့်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ (၇၄) ပုဒ်မခွဲ (ဃ) အရ ထိုသို့ ပေးဆောင်ရန် ပျက်ကွက်သောပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နောက်ကျပေးဆောင် ခြင်းအတွက် ဒဏ်ကြေးငွေပေးဆောင်ရမည် ဖြစ်ပါသည်။
Question
ကုမ္ပဏီအနေဖြင့် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် အခွန်အား နုတ်ယူပေးသွင်းရန် ပျက်ကွက်ခဲ့ပါက ဒဏ်ကြေးမည်မျှပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း