အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)
Answer
ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများအား ငွေချေးစာချုပ်အပေါ် ခံဝန်စာချုပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ နောက်ဆက်တွဲဇယား (၁) စဉ် ၅၇ အရ ၎င်းမှာ ရာထူးအလျောက် ကျနစွာဆောင်ရွက်ရန် သို့မဟုတ် ထိုရာထူးအလျှောက် ရရှိသည့်ငွေ သို့မဟုတ် အခြားပစ္စည်းအတွက် တာဝန်ခံရန် အာမခံအဖြစ်ဖြင့် ချုပ်ဆိုသည့် သို့မဟုတ် ပဋိညာဉ်အတိုင်း ကျနစွာဆောင်ရွက်စေရန် ခံဝန်သူက ချုပ်ဆို သည့်စာချုပ်ဖြစ်၍ -
(က) အာမခံသည် ငွေပေါင်းကျပ်တစ်သိန်းငါးသောင်းထက်မပိုလျှင် - အာမခံ သည့် ငွေအပေါ်တွင် ၀.၅%
(ခ) အခြားကိစ္စရပ်တစ်ခုခုဖြစ်လျှင် - ကျပ်နှစ်ထောင့်ငါးရာဖြစ်၍ အထက် ဖော်ပြပါ ကိစ္စနှစ်ရပ်နှင့် အကျုံးဝင်သောစာချုပ်အပေါ် တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရမည် ဖြစ်ပါသည်။
Question
ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများအား ငွေချေးစာချုပ်အပေါ် ခံဝန်စာချုပ်နှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း