စားသောက်ဆိုင်လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ ရှင်းလင်းတင်ပြခြင်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးခန်းမတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၇)ရက်က စားသောက်ဆိုင်လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ လုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကယားပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဟိုးလှိုင်က ပြေစာများ အပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ် အကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လွိုင်ကော်မြို့နယ်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင် (၄၈)ဦး တက်ရောက် ခဲ့ကြပြီး ၎င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။