ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းတွင်အသုံးပြုရန် ဆောက်လုပ်ရေးလုပ်ငန်း၌အသုံးပြုသည့် ကရိန်းကားများ၊ ဘတ်ဟိုးကားများ အားငှားရမ်းသည့် ကုမ္ပဏီထံမှ ငှားယူသည့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်
Answer
ဆောက်လုပ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ ငှားယူသည့်လုပ်ငန်းအပ်နှံ စာချုပ် ချုပ်ဆိုခြင်း အပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် ၅(ဂ)အရ လုပ်ငန်းအပ်နှံသည့် ငွေပမာဏတန်ဖိုးအပေါ် ၁% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ် ပါသည်။ သို့ရာတွင် အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀၀၀၀ ဖြစ်ပါသည်။
Question
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းတွင်အသုံးပြုရန် ဆောက်လုပ်ရေးလုပ်ငန်း၌အသုံးပြုသည့် ကရိန်းကားများ၊ ဘတ်ဟိုးကားများ အားငှားရမ်းသည့် ကုမ္ပဏီထံမှ ငှားယူသည့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်း ဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။
FAQ Category