တရုတ်လူမျိုးတစ်ဦးပါဝင်သော ဘဏ်လုပ်ငန်း ဆောင်ရွက်သည့်ကုမ္ပဏီမှတာဝန်ရှိသူ ( ၂ ) ဦး က မြေအပေါင်စာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို အထောက်အ ထားမပါရှိဘဲ သိရှိလို၍မေးမြန်းခြင်း။
Answer
ဘဏ်လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီထံ မြေပေါင်နှံခြင်းနှင့်ပတ်သက်၍ အဆိုပါမြေအား လက်ရောက် ပေးအပ်လျှင် တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား(၁) အမှတ်စဉ် (၄၀)(က) အရ ပေါင်နှံသည့်ချေးငွေပမာဏနှင့် ညီမျှသော အဖိုးစားနားအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၂ % တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်သည့်အပြင်စည်ပင်သာယာသို့ လွှဲပြောင်းပေးသွင်းရမည့် အပိုတံဆိပ်ခေါင်းခွန် ၂ % ကိုလည်းထပ်ဆောင်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ ပေါင်နှံသည့် မြေအား လက်ရောက်ပေးအပ်ခြင်း မရှိဘဲ ပိုင်ဆိုင်သည့် စာရွက်စာတမ်းများသာ ပေးအပ် ပေါင်နှံခြင်းအတွက် တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) အမှတ်စဉ် (၄၀) (ခ) အရ ပေါင်နှံ သည့်ချေးငွေပမာဏတန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၀.၅ % တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်၍ စာချုပ်ပါပေါင်နှံခြင်းအမျိုးအစားအလိုက် တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်၍စာချုပ်စာတမ်းအားပြသ၍ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြ၍ထမ်းဆောင်ရန် ဖြစ်ပါသည်။
Question
တရုတ်လူမျိုးတစ်ဦးပါဝင်သော ဘဏ်လုပ်ငန်း ဆောင်ရွက်သည့်ကုမ္ပဏီမှတာဝန်ရှိသူ( ၂ )ဦး က မြေအပေါင်စာချုပ် ချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို အထောက်အ ထားမပါရှိဘဲ သိရှိလို၍မေးမြန်းခြင်း။