ဂျပန်လူမျိုးတစ်ဦးက ပြည်တွင်းရှိကုမ္ပဏီတစ်ခုတွင် ရက်ပေါင်း ၁၈၃ ရက်ထက် ကျော်လွန် နေထိုင်ပြီး အလုပ်လုပ်ကိုင်ရာ ၄င်းရရှိသည့် လစာ၀င်ငွေတွက်ချက်ရာတွင် အိမ်ထောင်ဖက် အတွက် သက်သာခွင့်များ ခွင့်ပြုနိုင်ရန် မည်သည့်အထောက်အထားများလိုအပ်ကြောင်း သိရှိ လို၍ မေးမြန်းခြင်း
Answer
ပြည်တွင်းနေနိုင်ငံခြားသား၏ လစာ၀င်ငွေတွက်ချက်ရာတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ ၁၉(က)အရ သတ်မှတ်ထားသောသက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေ အပေါ် Progressive Rateအရ ၀ % မှ ၂၅ % ထိ ပေးဆောင်ရမည်ဖြစ်ပါသည်။ သက်သာခွင့်များ ခံစားရန် ပြည်တွင်းနေနိုင်ငံခြားသား၏ အတူနေမိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများ သက်သာခွင့်များခွင့်ပြုပေးရာတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေ နိုင်ငံ ခြားသားနှင့်အတူ လာရောက်နေထိုင်မှုအတွက် အတူလာရောက်နေထိုင်သူများ၏ နိုင်ငံကူး လက်မှတ်မိတ္တူ၊ အင်္ဂလိပ်ဘာသာ ပြန်ဆိုထားသည့် အိမ်ထောင်စုစာရင်းမှတ်တမ်း၊ ဇနီး ( သို့ ) ခင်ပွန်းအတွက် တရားဝင်လက်ထပ်စာချုပ်မူရင်းနှင့် တိုက်ဆိုင်စိစစ်ထားသည့်မိတ္တူ၊ အသက် (၁၈)နှစ်အောက် သားသမီးအတွက် သက်ဆိုင်ရာ အစိုးရကအသိအမှတ်ပြု အင်္ဂလိပ်ဘာသာ ပြန်ဆိုထားသည့် မွေးစာရင်းမိတ္တူမှန်တို့ကို တင်ပြစေ၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ပါသည်။
Question
ဂျပန်လူမျိုးတစ်ဦးက ပြည်တွင်းရှိကုမ္ပဏီတစ်ခုတွင် ရက်ပေါင်း ၁၈၃ ရက်ထက် ကျော်လွန် နေထိုင်ပြီး အလုပ်လုပ်ကိုင်ရာ ၄င်းရရှိသည့် လစာ၀င်ငွေတွက်ချက်ရာတွင် အိမ်ထောင်ဖက် အတွက် သက်သာခွင့်များ ခွင့်ပြုနိုင်ရန် မည်သည့်အထောက်အထားများလိုအပ်ကြောင်း သိရှိ လို၍ မေးမြန်းခြင်း။