လူပုဂ္ဂိုလ်တစ်ဦးက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သစ်ရှိ ရန်ကုန်- မန္တလေးကားလမ်းပေါ်ရှိ မြေကွက်ဝယ်ယူထားခြင်းအပေါ် ဝင်ငွေခွန် မည်သည့်နှုန်းထားဖြင့် ပေးဆောင်ရပါကြောင်းနှင့် ၎င်းမြေကွက်ကို မည်သည့်စံနှုန်းထားဖြင့် တန်ဖိုးသတ်မှတ်ပါ ကြောင်

Answer

အခြေပစ္စည်းဖြစ်သော မြေကွက်ဝယ်ယူခြင်းအတွက် သက်ဆိုင်ရာအိမ်ခြံမြေကာလတန်ဖိုး စိစစ်ရေးအဖွဲ့ထံတွင် တန်ဖိုးဖြတ်ခံယူရမည်ဖြစ်ပြီး၊ အဆိုပါ တန်ဖိုးဖြတ်တန်ဖိုးအပေါ် ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၄ အရ အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြ နိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်း နေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် ၁ ကျပ်မှ ၃၀၀၀၀၀၀၀ ထိ ၁၅ % ၊ ၃၀၀၀၀၀၀၁ ကျပ် မှ ၁၀၀၀၀၀၀၀၀ ထိ ၂၀ %၊ ၁၀၀၀၀၀၀၀၁ ကျပ် နှင့်အထက်ဖြစ်ပါက ၃၀ % ဝင်ငွေခွန်စည်းကြပ်မည်ဖြစ်ပါသည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်းအတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုအပ်ပါ။ မြေကွက် များအပေါ်အခွန်စည်းကြပ်သည့် နှုန်းထားသိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ မြို့နယ်ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့ထံ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

Question

လူပုဂ္ဂိုလ်တစ်ဦးက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သစ်ရှိ ရန်ကုန်- မန္တလေးကားလမ်းပေါ်ရှိ မြေကွက်ဝယ်ယူထားခြင်းအပေါ် ဝင်ငွေခွန် မည်သည့်နှုန်းထားဖြင့် ပေးဆောင်ရပါကြောင်းနှင့် ၎င်းမြေကွက်ကို မည်သည့်စံနှုန်းထားဖြင့် တန်ဖိုးသတ်မှတ်ပါ ကြောင်း သိရှိလို၍မေးမြန်းခြင်း။