မြန်မာဆိပ်ကမ်းအာဏာပိုင်နှင့် စင်္ကာပူကုမ္ပဏီတို့ ပြည်တွင်း၌ ဖက်စပ်ကုမ္ပဏီတည်ထောင်၍ မြန်မာဆိပ်ကမ်း အာဏာပိုင်မြေနေရာ၌ Container များအား ညသိပ်ငှားရမ်းခြင်း လုပ်ငန်း လုပ်ဆောင်ရာတွင် Container ထားရှိသည့် Shipping Lines ကုမ္ပဏီများကထားရှိ Container များအား အပျက
Answer
ဖက်စပ်ကုမ္ပဏီက Container ကားများ ညသိပ်၀န်ဆောင်မှုလုပ်ငန်းလုပ်ဆောင်ရာတွင် Shipping Lines Co များမှ ဖက်စပ်ကုမ္ပဏီသို့ ထားရှိ Container များအား အပျက်အစီး ရှိ/မရှိ စစ်ဆေး၍ သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်း Service Fees အတွက် ပေးချေငွေများအပေါ် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာ အမှတ် ၄၁/၂၀၁၀၊ ၁၆၇/၂၀၁၁တို့ အရWHT ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ၂ % ကိုဖြတ်ယူ ပြီး၊ Service ဆောင်ရွက်ပေးသည့် ဖက်စပ်ကုမ္ပဏီအမည်ဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါ ပင်ရင်းမှနုတ်ယူပေး သွင်းခွန် WHT ၂ % ကို ဝင်ငွေခွန်စည်းမျဉ်း ၁၄(ခ) အရ ငွေပေးချေသည့်နေ့မှ ခုနစ်ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ၎င်း WHT ၂% မှာ ဖက်စပ်ကုမ္ပဏီအတွက် အပြီးသတ်စည်းကြပ်မှုတွင် ခုနှိမ်ခွင့်ရရှိမည်ဖြစ်ပါသည်။
Question
မြန်မာဆိပ်ကမ်းအာဏာပိုင်နှင့် စင်္ကာပူကုမ္ပဏီတို့ ပြည်တွင်း၌ ဖက်စပ်ကုမ္ပဏီတည်ထောင်၍ မြန်မာဆိပ်ကမ်း အာဏာပိုင်မြေနေရာ၌ Container များအား ညသိပ်ငှားရမ်းခြင်း လုပ်ငန်း လုပ်ဆောင်ရာတွင် Container ထားရှိသည့် Shipping Lines ကုမ္ပဏီများကထားရှိ Container များအား အပျက်အစီး ရှိ/မရှိ စစ်ဆေး၍ သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်းတို့အတွက် Service Fees ပေးချေငွေအပေါ် WHT ပင်ရင်းမှနုတ်ယူ ပေးသွင်းခွန် မည်မျှပေးဆောင် ရမည်ကို သိရှိလို၍မေးမြန်းခြင်း။