မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ပြုလုပ်ချိန်တွင် One Stop Service (OSS) အစီ အစဉ်ဖြင့် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဟုသိရှိရပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် မည်သည့်နှုန်းထားဖြင့် တွက်ချက်ကောက်ခံပါကြောင်း၊ မည်သည့်အချိန်၌ စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း သိလိုသဖြင

Answer

မော်တော်ကားများနှင့်ပတ်သက်၍ ကနဦးမှတ်ပုံတင်ပြုလုပ်ချိန်တွင် One Stop Service  (OSS) အစီအစဉ်ဖြင့် ကြိုတင်ဝင်ငွေခွန်ကောက်ခံနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ရန်ကုန်မြို့ရှိ၊ အမှတ် (၆၂)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း(အောက်)၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနတွင်  ၁-၆-၂၀၁၆ နေ့မှစတင်၍ One Stop Services အစီ အစဉ်ဖြင့် စတင်ကောက်ခံဆောင်ရွက်ခဲ့ပါသည်။ မန္တလေးမြို့၊ ၆၅ လမ်း၊ ၂၂ x ၂၃ ကြားရှိ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးတွင်လည်း ၁-၆-၂၀၁၆ ရက်နေ့မှ စတင်၍ ဆောင်ရွက် လျက်ရှိပါသည်။ ၄င်းမှာ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-ခ အရ အခွန်စိစစ်တန်ဖိုးအပေါ် ကြိုတင် ဝင်ငွေခွန်ကောက်ခံခြင်းသာဖြစ်၍ အခွန်စိစစ်တန်ဖိုးမှာ အကောက်ခွန်စည်းကြပ်တန်ဖိုး၊ ယင်း အပေါ်ကျသင့် အကောက်ခွန်နှင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ယင်းအခွန်စိစစ်တန်ဖိုးအပေါ်  (၁၈၀၀ CC အထက် မော်တော်ကားများဖြစ်ပါက အထူးကုန်စည်ခွန်ကိုပါ ပေးဆောင်ရမည် ဖြစ်၍ ယင်းတန်ဖိုးအပါအ၀င် ) ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၄ အရ ၀င်ငွေခွန် ၁၅% မှ ၃၀% ထိ တွက်ချက်ကောက်ခံမည်ဖြစ်ပါသည်။ ကုမ္ပဏီများမှ တင်သွင်းယာဉ်မှတ်ပုံတင်ခြင်းဖြစ်ပါက ကနဦးမှတ်ပုံတင်ခြင်းအတွက် ကြိုတင်ဝင်ငွေခွန် ၂ % ပေးဆောင်ရမည်ဖြစ်ပါသည်။ ပြည်ပမှ လူပုဂ္ဂိုလ်အမည်ဖြင့် တင်သွင်းခြင်းအတွက် ကနဦး မှတ်ပုံတင်ဆောင်ရွက်ပါက လူပုဂ္ဂိုလ် နေထိုင်ရာမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၌ ယာဉ်အခွန် စိစစ်တန်ဖိုးအပေါ် ဝင်ငွေရလမ်းရှိပါက တင်ပြနိုင်၍ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေ မရှိပါက ပေးသွင်းကြိုတင်ဝင်ငွေခွန်အား ပြန်အမ်းငွေအဖြစ် ထုတ်ပေးမည်ဖြစ်ပါသည်။ ကနဦး ယာဉ်မှတ်ပုံတင်ရာတွင် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန်မလိုအပ်သူများမှာ ယာဉ်အို ယာဉ်ဟောင်းအပ်နှံ ပြေစာ (စလစ်)ဖြင့် တင်သွင်းခွင့်ပြုယာဉ်များ၊ ပြည်ထောင်စု (သို့) တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခွင့်ပြုရန်ပုံငွေဖြင့် တင်သွင်းမော်တော် ယာဉ်များ၊ နာရေးယာဉ်များ၊ မီးသတ်ယာဉ်များ၊ ဘာသာရေးကုသိုလ်ရေးသက်သက် ဆောင်ရွက်သည့် အဖွဲ့အစည်းပိုင်ယာဉ်များ၊ နိုင်ငံတော်၏လုပ်ငန်းဌာနအဖွဲ့အစည်းများ၊ စီမံကိန်းများတွင်အသုံးပြုရန် လှူဒါန်းသည့် (သို့) ထောက်ပံ့သည့်ယာဉ်များ၊ သံတမန်များ၊ သံရုံးများနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများက တင်သွင်းသည့် မော်တော်ယာဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်းတင်သွင်း ယာဉ်များ အပေါ် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန် မလို အပ်ပါ။

Question

မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ပြုလုပ်ချိန်တွင် One Stop Service (OSS) အစီ အစဉ်ဖြင့် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဟုသိရှိရပါကြောင်း၊ မည်သည့်တန်ဖိုးအပေါ် မည်သည့်နှုန်းထားဖြင့် တွက်ချက်ကောက်ခံပါကြောင်း၊ မည်သည့်အချိန်၌ စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း သိလိုသဖြင့်မေးမြန်းခြင်း။