ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခြင်း

        ပဲခူးတိုင်းဒေသကြီး (၂၇)မြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်တွင် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော လုပ်ငန်းရှင်းများအား ၁၁-၆-၂၀၁၈ မှ ၁၁-၇-၂၀၁၈ ရက်နေ့အထိ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားများကို  ကျင်းပပြုလုပ်ခဲ့ ပါသည်။

      အဆိုပါအခမ်းအနားများသို့  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့မှ တက်ရောက်ခဲ့ကြပြီး အခွန်တာဝန်ကျေပွန်သည့် အခွန်ထမ်းလုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့်  ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကျေပွန်စွာထမ်းဆောင် ခဲ့ကြသော အခွန်ထမ်းလုပ်ငန်းရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အစီအစဉ်ကို ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက်မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အစီအစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိ ရပါသည်။