ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး (၂၀၀) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်၊ ၂ /၂၀၂၁
၁၃၈၃ ခုနှစ် ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၂၁ ခုနှစ် သြဂုတ်လ ၁၇ ရက်)

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရရှိသော အောက်ဖော်ပြပါ ဒုတိယဦးစီးမှူးရာထူး (၂၀၀) နေရာ အတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်-

 

ပညာအရည်အချင်း

အရေအတွက်

(က)

ဝါဏိဇ္ဇဗေဒဘွဲ့(B.Com)/စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာဘွဲ့(B.BM)/စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ) B.B.Sc( Accounting & Finance)/တက္ကသိုလ်တစ်ခုခုမှ (ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့) ရရှိပြီး စာရင်းကိုင်ပညာဒီပလိုမာ (DA) ရရှိပြီးသူ

၁၂၅ ဦး

( ခ )

စီးပွားရေးပညာဘွဲ့ (စာရင်းအင်း/ဘောဂဗေဒ) B.Ecom (Stat/Eco)/ စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)B.B.Sc (Applied Statistics)

၁၅ ဦး

(ဂ)

ဥပဒေဘွဲ့ (LL.B)

၂၀ ဦး

(ဃ)

ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc) / ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech)/ သိပ္ပံဘွဲ့(ကွန်ပျူတာသိပ္ပံဘွဲ့)[B.Sc(Computer Science)]/အင်ဂျင်နီယာဘွဲ့ (သုတနည်းပညာ) [B.E(IT)]/အင်ဂျင်နီယာဘွဲ့ (သတင်းအချက်အလက် သိပ္ပံနှင့်နည်းပညာ) [B.E (IST)]/ အင်ဂျင်နီယာဘွဲ့ (ကွန်ပျူတာအင်ဂျင်နီယာ) [B.E(CE)]

၃၀ ဦး

(င)

ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ) B.A(English)

၅ ဦး

(စ)

တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ

၅ ဦး

 

စုစုပေါင်း

(၂၀၀) ဦး

၂။     လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) ၃၀-၉-၂၀၂၁ ရက်နေ့တွင် အသက် (၂၇) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ပြီး၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ) B.E ဘွဲ့ရရှိပြီးသူ၊ မဟာဘွဲ့ရရှိပြီးသူဖြစ်ပါက အသက် (၃၀) နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။

(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(င) ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။

(စ) ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်(ရုံးချုပ်)နှင့် အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် ကျင့်သုံးသည့် ရုံးများတွင် အမြဲတမ်းတာဝန်ထမ်းဆောင်ရမည်။

(ဆ) ရွေးချယ်ခန့်ထားခြင်းခံရပါက အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိဝန်ခံချက် လက်မှတ်ရေးထိုးရမည်။

၃။      လျှောက်လွှာပုံစံကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင် ဖော်ပြထားမည်ဖြစ်ပြီး လျှောက်လွှာတွင် ပါရှိသော အချက်များကို ပြည့်စုံစွာရေးသွင်းရမည်။ (လျှောက်လွှာ ရောင်းချခြင်း/ထုတ်ပေးခြင်းမပြုပါ)

၄။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

(က) ရက်သတ္တပတ်(၂)ပတ်အတွင်း ရိုက်ကူးထားသော (၁" x ၁.၂၅") အရွယ် ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ၊

(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ဘွဲ့လက်မှတ်မိတ္တူ ၊

(ဂ) အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၊

(င) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ ၊

(စ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(မူရင်း) ၊

(ဆ) ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)။

၅။      လျှောက်လွှာကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်(ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အမြန်ချောပို့စနစ်ဖြင့်ဖြစ်စေ ၃၀-၉-၂၀၂၁ ရက်နေ့ ရုံးချိန်အတွင်းနောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက် ထက်ကျော်လွန်၍ ပေးပို့လာသော၊ စည်းကမ်းနှင့်မကိုက်ညီသော လျှောက်လွှာများအား လက်ခံမည်မဟုတ်ပါ။

၆။      နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့်သာ လျှောက်ထားရမည်။

၇။      လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ /သတ်မှတ်စည်းကမ်းချက်နှင့်မကိုက်ညီသည့် လျှောက်လွှာများ/ ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လက်ခံမည်မဟုတ်ပါ။

၈။      ရေးဖြေစာမေးပွဲအား နေပြည်တော်၌ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်ကို မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ တွင် ထပ်မံကြော်ငြာပေးပါမည်။ ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များ ဖြေဆိုရမည်။

၉။      ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်းများဆောင်ရွက်မည်ဖြစ်သည်။

၁၀။      အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံရေးရာဌာနခွဲ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၃၀၀၂၁၀၆၇-၃၄၃၀၀၂၂  သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန