ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၂၁၉၉.၃၁၉ ဘီလီယံဖြစ်သဖြင့် လျာထားချက်၏ ၃၃.၀၃% ကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၂၇၈.၃၉၂ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၅၃၅ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၉၂၀.၃၉၂ ဘီလီယံ ပါဝင်ကြောင်း သိရှိရ ပါသည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၉၅၆.၀၈၁ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၆၇၀.၇၁၀  ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၄၈၀.၈၈၉ ဘီလီယံ၊ ရတနာခွန် ကျပ် ၄.၈၇၉ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၃၃.၅၆၈ ဘီလီယံနှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၅၃.၁၉၂ ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါသည်။