အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာချက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာချက်

၁။   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ အခွန်ထမ်းပြည်သူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်၊ ဝန်ဆောင်မှုများပေးရာတွင် လုပ်ငန်းစဉ်များ ပုံစံတူညီစေရန်နှင့် ရှင်းလင်းဖြေကြားသည့် အခွန် ဆိုင်ရာဖြေကြားချက်များ တသမတ်တည်းဖြစ်စေရန်ရည်ရွယ်၍ အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးကို အောက်ပါနေရာတွင် (၂၂-၇-၂၀၂၀) နေ့မှစတင်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-

အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး

အမှတ်-၅၉/၆၁(မြေညီထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ်- ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂

၂။   အဆိုပါရုံးအနေဖြင့် အခွန်ထမ်းကိုယ်တိုင် လာရောက်မေးမြန်းသော (သို့မဟုတ်) တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော မေးခွန်းများအားဖြေကြားပေးခြင်း၊ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များအား‌ ဆောင်ရွက်ပေးခြင်းနှင့် အခွန်ကြေညာလွှာပုံစံကဲ့သို့ အခွန်ဆိုင်ရာပုံစံများဖြည့်စွက်ရာတွင် ရှင်းလင်းလွယ်ကူစွာဖြည့်သွင်းနိုင်ရေး ကူညီဆောင်ရွက်ခြင်း စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။   အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် သက်ဆိုင်သည့် အခွန်ထမ်းများအနေဖြင့် အခွန်ဆိုင်ရာကိစ္စရပ်များအား မေးမြန်းစုံစမ်းလိုပါက အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၏ အခွန်ထမ်းရေးရာဌာနစုသို့သာ ဆက်သွယ်မေးမြန်းရန်ဖြစ်ပါသည်။

၄။   ဤကြေညာချက်နှင့်စပ်လျဉ်း၍ မေးမြန်းစုံစမ်းလိုပါက အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်) ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(ရန်ကုန်) အမှတ်-၅၉/၆၁ (ပထမထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂  သို့မေးမြန်းစုံစမ်းနိုင်ပါသည်။

(မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန