စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်)

၁။    ဒီဇင်ဘာလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၁၀) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေထီလက်မှတ်နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−

၂။   (၁၀) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း (၁၅၀၀၀)၊  အနိမ့်ဆုံးဆုမဲမှာ ကျပ်(၅၀၀၀၀) ဖြစ်ပါသည်။

၃။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) အားလည်း ဆုမဲများထပ်မံချီးမြှင့်ပေးမည် ဖြစ်ပါသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ