(၈)ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်)

၁။    ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့တွင် ကျင်းပမည့် (၈)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကစ’’ ထိ စုစုပေါင်းအက္ခရာ(၃၉)လုံး ရောင်းချခဲ့ပါသည်။

၂။     (၈)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာမှာ (၃၉)လုံး ဖြစ်၍ ၊ ထီစာအုပ်(၃၁၉၀၉၀၂) အုပ်ဖြစ်ပြီး၊ ထီလက်မှတ်စောင်ရေမှာ (၃၅၀၉၉၉၂၂) စောင် ဖြစ်ပါသည်။

၃။    ထီလက်မှတ်များ ရောင်းချရငွေမှာ  ကျပ်သန်း (၃၁၉၀၉.၀၂၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့်  ထီဆုငွေမှာ ကျပ်သန်း (၁၉၁၄၅.၄၁၂) ဖြစ်ပါသည်။

၄။    အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့်  ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-

(က) အထူးဆုကြီးစနစ်

(၁)

ကျပ်သိန်းတစ်သောင်းငါးထောင်

=

(၁)ဆု

(၂)

ကျပ်သိန်းတစ်သောင်း

= (၁)ဆု
(၃) ကျပ်သိန်းငါးထောင် = (၂) ဆု
(၄) ကျပ်သိန်းနှစ်ထောင် = (၅) ဆု
(၅) ကျပ်သိန်းတစ်ထောင် = (၇) ဆု

(ခ) ဆုတစ်ဆုချင်းစနစ်

(၁) ကျပ်သိန်းငါးရာ = (၁၈) ဆု
(၂) ကျပ်သိန်းနှစ်ရာ = (၂၁) ဆု
(၃) ကျပ်သိန်းတစ်ရာ = (၂၆) ဆု
(၄) ကျပ်သိန်းငါးဆယ် = (၂၆) ဆု
(၅) ကျပ်သိန်းနှစ်ဆယ် = (၂၉) ဆု
(၆) ကျပ်ဆယ်သိန်း = (၃၂) ဆု

(ဂ)ဝေဝေဆာဆာပဒေသာဆုမဲစနစ်

(၁) ကျပ် သုံးသိန်း = (၁၅၀) ဆု
(၂) ကျပ် နှစ်သိန်း = (၁၅၀၀) ဆု
(၃) ကျပ် တစ်သိန်း = (၁၈၀၀၀) ဆု
(၄) ကျပ် ငါးသောင်း = (၂၀၀၀၀၀) ဆု

၅။    ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀)အား တစ်ဆုချင်းဆုမဲများဖြစ်သည့် ကျပ် ၁၀သိန်း (၄)ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃သိန်း (၂၀)ဆု၊ ကျပ် ၂သိန်း (၂၀၀)ဆု၊ ကျပ် ၁သိန်း (၂၀၀၀)ဆု  စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၆။    (၈)ကြိမ်မြောက် ၁၀၀၀ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၁၀.၂၀၁၉)ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၈)နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။