မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော် မတ် ၂၉

  နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၂၉-၃-၂၀၁၉ ရက်နေ့ နံနက် ၀၇း၄၅ နာရီအချိန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သင်တန်းဆင်းပွဲအမှာစကားပြောကြား၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။