ကုသရေးဦးစီးဌာနသည် ပြည်တွင်းရှိကုမ္ပဏီတစ်ခုထံမှ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူခြင်း အတွက် စာချုပ်ချုပ်ဆိုမည်ဖြစ်ရာ တံဆိပ်ခေါင်းခွန်မည်မျှကျသင့်မည်နှင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန်မည်သူက တာဝန်ရှိသည်ကို သိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်။

Answer

ကုသရေးဦးစီးဌာနသည် ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုထံမှ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ခြင်းအတွက် စာချုပ်ချုပ်ဆိုမည်ဖြစ်ရာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် (၅) (ဂ) အရ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၁% ထမ်းဆောင် ရမည်ဖြစ်ပါသည်။ သို့ရာတွင် အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀၀၀၀/- ဖြစ်ပါသည်။ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန်ရှိသူသည် လုပ်ငန်းရရှိသူကုမ္ပဏီဖြစ် ပါသည်။

Question