စာချုပ်တံဆိပ်ခေါင်းဖြင့် တရားဝင်ချုပ်ဆိုထားသော စာချုပ်များတွင် အခွန်တံဆိပ် ခေါင်း ထပ်မံကပ်ရန် လို/ မလိုမေးမြန်းခြင်း

Answer

တရားဝင်ချုပ်ဆိုထားသောစာချုပ်များတွင် ကပ်နှိပ်ထားသော တံဆိပ်ခေါင်းတန်ဖိုး သည် စာချုပ်အမျိုးအစားအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း ကျသင့်သော တံဆိပ်ခေါင်းတန်ဖိုး ဖြစ်ရမည့်အပြင် ပြည့်စုံကျနစွာထမ်းဆောင်ရန်လိုအပ်ပါသည်။ တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းများအားလုံးကို စာချုပ်မချုပ်ဆိုမှီ ဖြစ်စေ၊ စာချုပ်ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်ပါ သည်။ တံဆိပ်ခေါင်းခွန် ပြည့်စုံကျနစွာ ထမ်းဆောင်ထားခြင်းမရှိသော စာချုပ် စာတမ်းများကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (၁) အရ သိမ်းချုပ်ခြင်းပြုရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ ဒဏ်ကြေး (၁၀) ဆ တပ်ရိုက်ရမည် ဖြစ်သည်။

Question

စာချုပ်တံဆိပ်ခေါင်းဖြင့် တရားဝင်ချုပ်ဆိုထားသော စာချုပ်များတွင် အခွန်တံဆိပ် ခေါင်း ထပ်မံကပ်ရန် လို/ မလိုမေးမြန်းခြင်း။