တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော ငှားရမ်း စာချုပ်ဖြစ်သဖြင့် ကျသင့်မည့်ဒဏ်ငွေအား ငှားရမ်းသူ (အိမ်ရှင်) က ပေးဆောင် စေခြင်းသည် မှန်ကန်မှု ရှိ/ မရှိ မေးမြန်းခြင်း
Answer
အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြလျှင် အိမ်ငှားရမ်းသူ (အိမ်ငှား) က မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇ အရ စာချုပ်မချုပ်ဆိုမှီဖြစ်စေ၊ စာချုပ်ချုပ်ဆိုသည့်အခါ၌ဖြစ်စေ ထိုက် သင့်သည့်တံဆိပ်ခေါင်းကို ထမ်းဆောင်ရမည်။ အိမ်ငှားရမ်းသူ (အိမ်ရှင်) က အိမ် ခန်းငှားရမ်းခငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး မှူးရုံးသို့ လာရောက်တင်ပြသည့်အခါ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် ကျနစွာ ကပ်မထားသော စာချုပ်စာတမ်းဖြစ်ပါက မြို့နယ်အခွန်ဦးစီးမှူးက ပုဒ်မ ၃၃ အရ သိမ်းချုပ်ရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ယင်း ၏(၁၀) ဆနှင့်ညီမျှသောဒဏ်ငွေအား တင်ပြသူက ပေးဆောင်ရမည်ဖြစ်သည်။ လျော့နည်းတံဆိပ်ခေါင်းခွန်နှင့်ဒဏ်ငွေအား စာချုပ်တင်ပြသူ (အိမ်ရှင်) က ပေး ဆောင်စေခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်မူရင်းမဟုတ်ဘဲ မိတ္တူဖြစ်လျှင် ယင်းသို့မဆောင်ရွက်နိုင်ပါ။
Question
အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ် ဆိုကြပြီး ယင်းစာချုပ်အပေါ် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်အား ငှားရမ်းမည့်သူ (အိမ်ငှား) က ထမ်းဆောင်ရန် ဖြစ်သော်လည်း ငှားရမ်းမည့်သူ (အိမ်ရှင်) က ထမ်းဆောင်ထားခြင်းမရှိသည့်ကိစ္စရပ်တွင် ငှားရမ်းသူ (အိမ်ရှင်) က အိမ်ငှားရမ်းခ ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးရုံးသို့ လာ ရောက်တင်ပြသည့်အခါ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော ငှားရမ်း စာချုပ်ဖြစ်သဖြင့် ကျသင့်မည့်ဒဏ်ငွေအား ငှားရမ်းသူ (အိမ်ရှင်) က ပေးဆောင် စေခြင်းသည် မှန်ကန်မှု ရှိ/ မရှိ မေးမြန်းခြင်း။