ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ဦးသည် အစုရှယ်ယာရောင်းချခြင်းအတွက် တံဆိပ်ခေါင်းခွန် မည်သည့်နှုန်းဖြင့် ထမ်းဆောင်ရမည်ကိုသိရှိလို၍ မေးမြန်းခြင်း။

Answer

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ဦးသည် အစုရှယ်ယာရောင်းချခြင်းအတွက် တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေ နောက်ဆက်တွဲဇယား (၁)၊ အမှတ်စဉ် ၆၂(က) ပါလွှဲပြောင်း စာချုပ်စာတမ်း၊ တရားဥပဒေအရ ဖွဲ့စည်းထားသည့် အစုစပ် ကုမ္ပဏီတွင် သို့မဟုတ် အခြားအသင်းစုတွင်ပါဝင်သည့် အစုရှယ်ယာများ အလွှဲအပြောင်း စာချုပ် စာတမ်းဖြစ်သောကြောင့် အစုရှယ်ယာတန်ဖိုးအပေါ် ၀.၁% ထမ်းဆောင်ရမည်ဖြစ် ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ဦးသည် အစုရှယ်ယာရောင်းချခြင်းအတွက် တံဆိပ်ခေါင်းခွန် မည်သည့်နှုန်းဖြင့် ထမ်းဆောင်ရမည်ကိုသိရှိလို၍ မေးမြန်းခြင်း။